GA-19 မီတာပုံးခွန် (ဗိုက်ဖောင်း / ဗိုက်ပြား)
အိမ်သုံး လျှပ်စစ် မီတာများနှင့် ဘရိတ်ကာများကို ရေဒဏ်၊ ဖုန်ဒဏ်နှင့် အပြင်ဘက် ထိခိုက်မှုများမှ စံချိန်မီ ကာကွယ်ပေးနိုင်သော GA-19 Single Phase Electric Meter Box (မီတာပုံးခွန်) ဖြစ်ပါသည်။ မီတာအမျိုးအစားအလိုက် တပ်ဆင်ရလွယ်ကူစေရန် ဗိုက်ဖောင်း (Deep Cover) နှင့် ရိုးရိုး/ဗိုက်ပြား (Flat Cover) ဆိုပြီး ဒီဇိုင်း ၂ မျိုး ရွေးချယ်နိုင်ပါသည်။ အောက်ဘက်တွင် MCB ဘရိတ်ကာ တပ်ဆင်ရန် နေရာ သီးသန့် ပါရှိပြီး ခိုင်ခံ့သော Plastic ကိုယ်ထည်နှင့် မှန်ကြည် ကာဗာတို့ဖြင့် ပြုလုပ်ထားသည်။



