B50K ၃ ဆ Volume Control / B50K 3-Pin Potentiometer
အသံချဲ့စက်၊ ရေဒီယိုနှင့် Mono အော်ဒီယိုစနစ်များတွင် အသံပမာဏ ထိန်းညှိရန်အတွက် တိကျစိတ်ချရသော B50K ၃ ဆ (3-Pin) Rotary Potentiometer

လျှပ်စစ်ထမင်းပေါင်းအိုးများအတွက် သံလိုက်မဂနစ် (Rice Cooker Magnetic Temperature Limiter) ဘူးစိမ်း ဖြစ်ပါသည်။ ထမင်းကျက်ချိန်တွင် အပူချိန်ကို တိကျစွာ တိုင်းတာ၍ Cook စနစ်မှ Warm စနစ်သို့ အလိုအလျောက် ပြောင်းလဲပေးသော အဓိက သံလိုက်ခလုပ် (Center Thermostat Magnet) ဖြစ်ပြီး ထမင်းပေါင်းအိုး တူးခြင်း၊ မကျက်ခြင်းနှင့် ခလုပ်မကန်တော့ခြင်းများ ဖြစ်ပေါ်ပါက အစားထိုး လဲလှယ်တပ်ဆင်ရန် အထူး သင့်တော်ပါသည်။
ဤ မဂနစ်ဘူးပါ ဘူးစိမ်း (Magnetic Temperature Limiter) သည် လျှပ်စစ်ထမင်းပေါင်းအိုးများ၏ အောက်ခြေအလယ်တွင် တပ်ဆင်ရသည့် အရေးပါသော သံလိုက်အပူထိန်း အစိတ်အပိုင်း ဖြစ်ပါသည်။
အိုးအတွင်း အပူချိန် ၁၀၃°C ခန့် ရောက်ရှိပြီး ထမင်းကျက်သွားချိန်တွင် သံလိုက်ဓာတ် လျော့နည်းသွားပြီး Switch ကို ခုန်စေကာ Cook မီးမှ Warm မီးသို့ အလိုအလျောက် ပြောင်းလဲပေးပါသည်။ ခိုင်ခံ့သော စပရင်စနစ်နှင့် တိကျသော အပူတုံ့ပြန်မှု ပါဝင်သောကြောင့် ထမင်းပေါင်းအိုး ခလုပ်မကန်တော့ခြင်း၊ ထမင်းတူးခြင်း သို့မဟုတ် ထမင်းမကျက်မီ မီးစောကန်ခြင်းတို့ ဖြစ်ပေါ်ပါက အစားထိုး လဲလှယ် အသုံးပြုနိုင်ပါသည်။
Product Type
Rice Cooker Magnetic Temperature Limiter (မဂနစ်ဘူးပါ ဘူးစိမ်း)Component
Center Magnet Thermostat Switch with SpringPackaging
Individual Green Box (ဘူးစိမ်း)Material
High-Grade Magnet, Copper/Metal Casing, Durable SpringCompatibility
Standard Automatic Electric Rice CookersApplication
Temperature Control and Auto Switch Trip Repair